သုတေသနစာတမ်းများ တင်သွင်းနိုင်ရန်အတွက် အသိပေး ဖိတ်ခေါ်ခြင်း

ထိုင်းနိုင်ငံ KHON KAEN မြို.တွင် လာမည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလ (၂၀) ရက်နေ.မှ (၂၃) ရက်နေ.အထိ ကျင်းပပြုလုပ်မည့် THE 18th REGIONAL GEOSCIENCES CONFERENCE OF SOUTHEAST ASIA: GEOSEA 2024 အတွက် မြန်မာနိုင်ငံမှ သုတေသနစာတမ်းများ တင်သွင်းနိုင်ရန်အတွက် မြန်မာနိုင်ငံဘူမိသိပ္ပံအသင်း သို. GEOLOGICAL SOCIETY OF THAILAND (GST) မှ အကြောင်းကြားစာ ပေးပို.လာပါသည်။

သို.ဖြစ်ပါ၍ မြန်မာနိုင်ငံမှ သုတေသန လုပ်ငန်းဆောင်ရွက်လျှက်ရှိသော မြန်မာနိုင်ငံသား ဘူမိဗေဒပညာရှင်များ အနေဖြင့် မိမိတို.၏ သုတေသန စာတမ်းများ ပါဝင်ဖတ်ကြားတင်သွင်းနိုင်ရန်အတွက် အသိပေးအကြောင်းကြား ဖိတ်ခေါ်အပ်ပါသည်။

မိမိတို.တင်သွင်းလိုသည့် သုတေသန စာတမ်း (ABSTRACT+ FULL TEXT PAPER & POSTER PRESENTATION) ကို လာမည့် ၂၀၂၃ ခုနှစ် အောက်တိုဘာလ (၁၅) ရက်နေ. ညနေ (၄) နာရီထိ နောက်ဆုံးထားတင်သွင်းနိုင်ပါသည်။

တင်သွင်းရမည့်လိပ်စာ – myanmargeosciencessociety@gmail.com

မှတ်ချက် ။ မိမိတို့တင်သွင်းသောစာတမ်းအား GEOSEA 2024 မှ အတည်ပြု စီစစ်ရွေးချယ်မည် ဖြစ်ပါသည်။